ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) သည် ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်ရှိရေနံနှင့်သဘာဝဓါတ်ငွေ့ စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြပ်နှံမှုစီမံကိန်းများကို စောင့်ကြည့်လာနေသောအဖွဲ့ဖြစ်သည်။ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့သည် ဗမာသဘာဝပတ်ဝန်းကျင်အလုပ်ဖွဲ့ (Burma Environmental Working Group) နှင့် Oil Watch South East Asia (OilWatch SEA) တို့၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်အပါအဝင် မြန်မာ တနိုင်ငံလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသော တရားမျှတမှုနှင့်ငြိမ်းချမ်း ဖြစ်ထွန်းလာစေရေးအတွက် ဖက်ဒရယ်ဆိုင်ရာ သဘာဝသယံဇာတစီမံကိန်း စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများကို www.oilwatcharakan.org တွင် ရယူနိုင်ပါသည်။
Investment and conflict in Western Burma.indd - In Burmese