(လုဆိုင်း)
■ အစိုးရနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက သာဝသယံဇာတထုတ်ယူမှုဟာ ပဋိပက္ခတိုးပွားစေတဲ့အတွက် ရပ်တန့်ဖို့ ရန်ကုန်မြို့ အခြေစိုက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)က ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ သဘာဝသယံဇာတတူးဖော်မှုတွေဟာ စစ်ပွဲတွေကိုပိုဖြစ်ပွားစေပြီး ရခိုင်ပြည်သူတွေကို ခိုကိုးရာမဲ့ဘဝရောက်အောင် ထပ်တွန်းပို့ပေးနေသလိုဖြစ်တာကြေင့် ဒီစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (AOW) က တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AAတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရေနံတူးဖော်မှုတွေဟာ ပင်လယ်ရေနက်ထဲမှာ တူးဖော်နေတဲ့အတွက် ထောက်ပြတာလို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ ဒေသတွင်းက သယံဇာတတွေကို အတင်းအဓမ္မ တူးဖော်ထုတ်ယူနေတာကြောင့် ရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ရခိုင်မှာရှိတဲ့ စီမံကိန်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံအရ ဗဟိုကပဲ ဆုံးဖြတ်တယ်။ ဗဟိုကပဲ စီမံတယ် သုံးစွဲတယ်။ လုပ်ချင်သလိုလုပ်တယ်။ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေမရှိဘူး”

ရခိုင်မှာ မြန်မာအစိုးရခွင့်ပြုချက်နဲ့ လုပ်နေတဲ့ သြစတေးလျနိုင်ငံက ရေနံတူးဖော်မှု စီမံကိန်းကြီးတွေ မရပ်ဆိုင်းဘူးဆိုရင် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ သြစတေးလျအစိုးရကို တင်ပြသွားမယ်လို့လည်း AOW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံခြားကုမ္ဗဏီ ၁၃ ခု ရင်းနှီးမြှုပ်နှံခဲ့ပြီး Australia Woodside Energy နဲ့ French Tatal ရေနံကုမ္ဗဏီတွေဟာ ရေနံရှာဖွေရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေပြီး အသစ်တွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေက ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတွေဆီ တင်ပို့ဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လက်မှတ်ထိုးသဘောထူထားတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် က စပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ အနည်းဆုံး တရာ့ငါးဆယ်ကျော် သေဆုံးခဲ့ပြီး ငါးရာကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ကျေးရွာပေါင်း ၂၀၀ ကျော်က ရခိုင်နဲ့ ချင်းရွာသားပေါင်း ၂သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသ စစ်ရေးတင်းမာမှုတွေကြောင့် သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
-Unicode
~~~~
ရခိုင္ျပည္နယ္က ေရနံနဲ႔ သဘာဝသယံဇာတ စီမံကိန္းေတြ ရပ္တန႔္ဖို႔ AOW ေတာင္းဆို
~~~~~~
(ဟယ္လင္လုဆိုင္း)
■ အစိုးရနဲ႔ နိုင္ငံတကာ ေကာ္ပိုေရးရွင္းေတြအေနနဲ႔ ရခိုင္ျပည္နယ္အတြင္းက သာဝသယံဇာတထုတ္ယူမွုဟာ ပဋိပကၡတိုးပြားေစတဲ့အတြက္ ရပ္တန႔္ဖို႔ ရန္ကုန္ၿမိဳ႕ အေျခစိုက္ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕ (AOW)က ဇူလိုင္လ ၈ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ၿပီး ေတာင္းဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္မွာ လုပ္ေဆာင္ေနတဲ့ သဘာဝသယံဇာတတူးေဖာ္မွုေတြဟာ စစ္ပြဲေတြကိုပိုျဖစ္ပြားေစၿပီး ရခိုင္ျပည္သူေတြကို ခိုကိုးရာမဲ့ဘဝေရာက္ေအာင္ ထပ္တြန္းပို႔ေပးေနသလိုျဖစ္တာေၾကင့္ ဒီစီမံကိန္းေတြကို ရပ္တန႔္ေပးဖို႔ ရခိုင္ေရနံ ေစာင့္ၾကည့္ေရးအဖြဲ႕ (AOW) က ေတာင္းဆိုလိုက္တာပါ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AAတို႔ တိုက္ပြဲေတြ ျဖစ္ပြားေနေပမယ့္ ေရနံတူးေဖာ္မွုေတြဟာ ပင္လယ္ေရနက္ထဲမွာ တူးေဖာ္ေနတဲ့အတြက္ ေထာက္ျပတာလို႔ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕ (AOW) ရဲ့ ညႊန္ၾကားေရးမွူး ဦးေက်ာ္ခိုင္က ေျပာပါတယ္။

ျမန္မာအစိုးရနဲ႔ စီးပြားေရးလုပ္ငန္းေတြက ဌာေန တိုင္းရင္းသားေတြရဲ့ သေဘာဆႏၵမပါဘဲ ေဒသတြင္းက သယံဇာတေတြကို အတင္းအဓမၼ တူးေဖာ္ထုတ္ယူေနတာေၾကာင့္ ရပ္တန႔္ဖို႔ ေတာင္းဆိုတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ရခိုင္မွာရွိတဲ့ စီမံကိန္းေတြကို ၂၀၀၈ ဖြဲ႕စည္းပုံအရ ဗဟိုကပဲ ဆုံးျဖတ္တယ္။ ဗဟိုကပဲ စီမံတယ္ သုံးစြဲတယ္။ လုပ္ခ်င္သလိုလုပ္တယ္။ ျပည္နယ္ေတြမွာ လုပ္ပိုင္ခြင့္ေတြမရွိဘူး”

ရခိုင္မွာ ျမန္မာအစိုးရခြင့္ျပဳခ်က္နဲ႔ လုပ္ေနတဲ့ ၾသစေတးလ်နိုင္ငံက ေရနံတူးေဖာ္မွု စီမံကိန္းႀကီးေတြ မရပ္ဆိုင္းဘူးဆိုရင္ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕အေနနဲ႔ ၾသစေတးလ်အစိုးရကို တင္ျပသြားမယ္လို႔လည္း AOW အဖြဲ႕ရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီစီမံကိန္းေတြ ရပ္တန႔္ဖို႔ လူမွုအဖြဲ႕အစည္းေတြနဲ႔ နိုင္ငံေရးပါတီေတြနဲ႔အတူ လူထုလွုပ္ရွားမွုေတြလည္း ရွိလာမယ္လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၂၀၁၄ ခုႏွစ္ကစၿပီး နိုင္ငံျခားကုမၺဏီ ၁၃ ခု ရင္းႏွီးျမႇုပ္ႏွံခဲ့ၿပီး Australia Woodside Energy နဲ႔ French Tatal ေရနံကုမၺဏီေတြဟာ ေရနံရွာေဖြေရး လုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္ေနၿပီး အသစ္ေတြ႕ရွိတဲ့ သဘာဝဓာတ္ေငြ႕သိုက္ေတြက ထြက္လာတဲ့ သဘာဝဓာတ္ေငြ႕ေတြကို ထိုင္းနဲ႔ တ႐ုတ္နိုင္ငံေတြဆီ တင္ပို႔ဖို႔ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကတည္းက လက္မွတ္ထိုးသေဘာထူထားတယ္လို႔ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ က စၿပီး ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ့ တိုက္ပြဲေတြအတြင္း အရပ္သားျပည္သူ အနည္းဆုံး တရာ့ငါးဆယ္ေက်ာ္ ေသဆုံးခဲ့ၿပီး ငါးရာေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း၊ ေက်းရြာေပါင္း ၂၀၀ ေက်ာ္က ရခိုင္နဲ႔ ခ်င္းရြာသားေပါင္း ၂သိန္းေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ရခိုင္ေဒသ စစ္ေရးတင္းမာမွုေတြေၾကာင့္ သံသယနဲ႔ ဖမ္းဆီးခံရသူေတြလည္း ရာနဲ႔ခ်ီရွိေနတယ္လို႔ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕ AOW ရဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။