သတင်းထုတ်ပြန်ချက် – ၁၉ နိုဝင်ဘာ ၂၀၂၁

စစ်အာဏာသိမ်းကာလအတွင်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူရေး အကျယ်တဝင့်တောင်းဆိုနေမှုများ နှင့် စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုများ မြင့်တက်နေသည့်တိုင် နိုင်ငံ တကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် အာဏာသိမ်းစစ်ကောင်စီထံ အခွန်အခနှင့်ဘဏ္ဍာငွေ အမြောက် အများ ဆက်လက်ပေးဆောင်နေသည်သာမက  ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်နေ ကြကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(Arakan Oil Watch)၏ အစီရင်ခံစာအသစ်တွင် ဖော်ပြလိုက်သည်။

စစ်ကောင်စီသည် တစ်ခုတည်းသော အကြီးမားဆုံးပြည်ပဝင်ငွေ ရရှိရာဖြစ်သည့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ နှစ်စဥ်အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော်မျှ အသားတင်ရရှိနေသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ သန်း (၅၀၀) ခန့် တန်ကြေးရှိသော ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့များကိုလည်း ရရှိသေးသည်ဖြစ်ရာ စစ်ကောင်စီသည် သဘာဝ ဓာတ်‌ငွေ့လုပ်ငန်းများမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံကျော်အထိ အမြတ်အစွန်းရရှိနေသည်။ ပြည်တွင်းသုံးအတွက်ရရှိသော သဘာဝဓာတ်ငွေ့များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ ပိုင်ဆိုင် ပြီး ပြည်တွင်းလိုအပ်ချက်များအတွက် ရောင်းချခြင်း(သို့မဟုတ်) အစိုးရ၏ စွမ်းအင်အသုံးစရိတ်များကို ထိန်းညှိရန် အသုံးပြုသည်။

စစ်အာဏာသိမ်းကာလအတွင်းတွင်ပင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်ကောင်စီအား လက်နက်နှင့် နည်း ပညာများ ဆက်လက်‌ရောင်းချနေကြဆဲ ဖြစ်သည်။ “သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာတွေကို စစ်ကောင်စီက မြန်မာပြည်သူတွေကို သတ်ဖြတ်တဲ့နေရာမှာ အသုံးပြုနေတယ်။ ဒါကြောင့် စစ်ကောင်စီကို အခွန်ဘဏ္ဍာတွေ  ပေးဆောင်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေအနေတဲ့ သူတို့ရဲ့ အပြည့်အဝတာဝန်ယူမှုကို ကျနော်တို့ လိုချင်တယ်” Arakan Oil Watch ၏ ဒါရိုက်တာဖြစ်သော ဦးကျော်ခိုင်က ပြောသည်။

စစ်အာဏာသိမ်းလိုက်သည့်တိုင် မြန်မာပြည်၏ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း(၄) ခုမှ သဘာဝဓာတ်‌ငွေ့ များ ဆက်လက်ထုတ်ယူတင်ပို့ရောင်းချနေသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ ဖြစ်ကြသော အမေရိကန်မှ Chevron ၊ ပြင်သစ်မှ Total ၊ ထိုင်းမှ PTTEP နှင့် တောင်ကိုးရီးယားမှ POSCO တို့သည် စစ်ကောင်စီအား ဘဏ္ဍာငွေထောက်ပံ့နေရုံမျှမက တရားဝင်အသိအမှတ်ပြုရာ ရောက်သည့်အပြင် ၎င်းတို့၏စီမံကိန်းများကိုပါ ပိုမိုတိုးချဲ့ လုပ်ကိုင်နေကြသည်။ ရခိုင်ကမ်းလွန်နှင့် ရန်ကုန်မြို့တောင်ဖက်ရှိ နေရာ (၃) ခုတွင် မကြာသေးမီက အသစ်ထပ်မံ တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့သိုက်စီမံကိန်းများတွင်လည်း ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ နိုင်ငံ ပေါင်း (၁၃) နိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီပေါင်း (၁၆) ခုသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တွင် အဓိကရှယ်ယာများ ပိုင်ဆိုင်ထားကြပြီး ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Transocean ကုမ္ပဏီနှင့် အမေရိကန်မှ MeDermott International ကုမ္ပဏီတို့ကဲ့သို့ အခြားသော ကုမ္ပဏီများသည်လည်း တစ်ဆင့်ခံလုပ်ငန်းများမှ အကျိုး အမြတ်များစွာ ရရှိလျက်ရှိနေကြသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး  ဆန္ဒထုတ်ဖော်ကြသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရတစ်ရပ်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် နိုင်ငံခြားရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများမှ စစ်ကောင်စီထံ ပေးဆောင်နေသည့် အခွန်ဘဏ္ဍာငွေများကို ရပ်တန့်ရန်နှင့် မြန်မာ့ရေနံနှင့် သဘာဝ      ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူရန် တောင်းဆိုထားကြသည်။ သို့ရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများနှင့် နိုင်ငံတကာအစိုးရများ၏တုံ့ပြန်မှုများသည် တစုံတရာအားရဖွယ် မကောင်းသည့်အတွက် ရေနံနှင့်သဘာဝဓာ တ်ငွေ့ကုမ္ပဏီများအပေါ်တွင် ထားရှိသော မြန်မာပြည်သူများ၏ သဘော ထားမှာ တင်းမာခက်ထန်လာခဲ့ရသည်။ တဖြည်းဖြည်း အရေအတွက်များပြားလာနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များသည် စစ်ကောင်စီ၏ အခြေခံအဆောက်အအုံများနှင့် ဝင်ငွေရရှိသည့်စီမံကိန်းလုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြရာ ယင်းတိုက်ခိုက်ခံရမှုများအနက် ဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ် စစ်ဓာတ်အားပေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများလည်း ပါဝင်နေကြသည်။ NUG ၏ ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် စက်တင်ဘာ (၇) ရက်မှ အောက်တိုဘာ ၆ရက်အထိ ရက်ပေါင်း ၃၀ အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုအကြိမ်ပေါင်း (၉၅၀) ပြု လုပ်ခဲ့ပြီး ယင်းအနက် (၂၁၃) ကြိမ်သည် စစ်ကောင်စီ၏ စီးပွားရေးစီမံကိန်းများကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီများအနေနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က နေမလား၊ မြန်မာပြည်သူ တွေဘက်က နေမလားဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ပါပဲ။ စစ်ကောင်စီကို တစ်ဒေါ်လာတောင်မှ ဆက်ပြီး မပေးသင့် တော့ပါဘူး။ ပြည်သူတွေ နောက်ထပ်မသေကြရအောင် ရေနံကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ကြံရာပါအဖြစ် ပူး ပေါင်းလုပ်ကိုင်နေမှုကို အခုချက်ချင်း အဆုံးသတ်ပစ်ဖို့ လိုပါတယ်” ဟု ဦးကျော်ခိုင်က ‌ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို  အပြီးအပိုင် ရုတ်သိမ်း နှုတ်ထွက်ခဲ့သော ဂျပန်ကုမ္ပဏီ Mitsui Oil Exploration Company (MOECO) ၏ လုပ်ရပ်အား ရခိုင်ရေနံစောင့် ကြည့်ရေးအဖွဲ့ (AOW)မှ ကြိုဆိုသည်။ MOECO သည် စစ်အာဏာသိမ်းကာလအတွင်း ပထမဆုံး  နှုတ်ထွက်ရုပ်သိမ်း လိုက်သော ကုမ္ပဏီဖြစ်သည်။

 

ဆက်သွယ်ရန် – ဦးကျော်ခိုင် (ဒါရိုက်တာ) +66 (0) 8  588 546 41

ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)

Mail and Website: [email protected] / www.Oilwatcharakan.org

 

Download PDF file here

Press release in Burmese